..
.
………
.
“ ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာ”
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံးမှ ၁၃၈၂-ခုနှစ်၊ နတ်တော်လပြည့်ကျော် (၆)ရက်၊ (၂၀၂၁-ခုနှစ်၊ ဇန်နဝါရီလ ၄-ရက်) လွတ်လပ်ရေးနေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၁ ဖြင့် နိုင်ငံတော် သမ္မတက သာသနာတော်ဆိုင်ရာ ဘွဲ့တံတော်များကို ဆက်ကပ်လှုဒါန်းခဲ့ပါသည်။
၄င်းတို့တွင် ဆရာတော် ဦးသြသဓ (ဓမ္မာနန္ဒဝိဟာရကျောင်း၊ ဟပ်မွန်းဗေးမြို့၊ ကာလီးဖိုးနီးယားပြည်နယ်၊ ယူအစ်အေ) သည်လည်း သာသနာပြုဆိုင်ရာ ဒုတိယအမြင့်ဆုံးဖြစ်သည့် “အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ“ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်လှုဒါန်းခြင်း ခံခဲ့ရပါသည်။
သို့ပါ၍ ထေရဝါဒဗုဒ္ဓဘာသာအသင်းကြီး အနေဖြင့် လွန်စွာမှ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်အပ် ပါသည်။
ထေရဝါဒဗုဒ္ဓဘာသာအသင်း
ဓမ္မာနန္ဒဝိဟာရကျောင်း
ဟပ်မွန်းဗေးမြို့
ဇန်နဝါရီလ ၄-ရက်၊ ၂၀၂၁-ခုနှစ်။
နတ်တော်လပြည့်ကျော် ၆-ရက်၊ ၁၃၈၂-ခုနှစ်။
May all being be well, happy and peaceful. May all being be free from suffering and danger.
အားလုံးသောသတ္တဝါအပေါင်း ဘေးရန်ကင်းကွာ၊ ကျမ္မာရွှင်လန်းကြပါစေ။
Do NOT follow this link or you will be banned from the site!