ဖြစ်,ပျက် နှစ်ဖြာ၊ မမြင်ပါဘဲ၊ တရာ အသက်၊ ရှည်သည်ထက်လည်း၊
ဖြစ်,ပျက် နေဟန်၊ ရုပ်နှင့်နာမ်ကို၊ အမှန်မြင်လျက်၊ ဉာဏ်စဉ်တက်၍၊
တရက်တာမျှ၊ သက်ရှည်ရသော်၊ လောကလူ့ ရွာ၊ ကောင်းမြတ်သာ သည်၊
မြတ်စွာဗုဒ္ဓ မိန့်ခွန်းတည်း။ (မဟာစည် ဆရာတော်)
Though one should live a hundred years without comprehending how all things rise and pass away, yet better, indeed, is a single day’s life of one who comprehends how all things rise and pass away. (113) (Bhikkhu Narada)
Welcome to Dhammanananda Vihara
Dhammanananda Vihara Monastery is a center dedicated to sharing the Dhamma with all who seek truth in the new year. We offer summer Buddhist courses for children and winter meditation retreats for young adults.
For adults, the monastery hosts short meditation retreats on the first Saturday and Sunday of every month, alongside seven-day retreats held three times a year. In addition to our on-site programs, we offer online meditation and Dhamma courses and celebrate traditional religious and seasonal festivals throughout the year.
We warmly welcome everyone interested in visiting or practicing with us at Dhammanananda Vihara Monastery.
ဓမ္မာနန္ဒဝိဟာရမှ ကြိုဆိုပါ၏
ဓမ္မာနန္ဒဝိဟာရကျောင်းတော်သည် တရားဓမ္မကို နှစ်သစ်လိုလား ရှာဖွေသူများအတွက် သစ္စာတရားများ ဖြန့်ဝေရာ ဌာနတစ်ခု ဖြစ်၏။ ကလေးများအတွက် နွေရာသီ အခြေခံ ဗုဒ္ဓဘာသာ သင်တန်းများနှင့် ဆောင်းရာသီ တရားထိုင် သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေ၏။ လူကြီးများအတွက် လစဉ် ပထမပတ် စနေ၊ တနင်္ဂနွေ ရက်တို တရားစခန်းများနှင့် တစ်နှစ်လျှင် ၇ ရက်၊ တရားစခန်း ၃ ကြိမ် ဖွင့်လှစ်ပေး၏။ ထို့အပြင် အွန်လိုင်းမှလည်း ဓမ္မသင်တန်းများကို ပို့ချသင်ကြားပေးလျက် ရှိ၏။ ထိုမှတပါး ဘာသာရေး ပွဲတော်များနှင့် ရာသီပွဲတော်များကိုလည်း ရိုးရာ အစဉ်အလာမပျက် ထိန်းသိမ်း သောအားဖြင့် ကျင်းပပေးလျက် ရှိပါသည်။
သို့ပါ၍ စိတ်ပါဝင်စား လာရောက်လည်ပတ်လိုသူများ အားလုံးကို ဓမ္မာနန္ဒ ဝိဟာရ ကျောင်းတော်မှ လှိုက်လှဲပျူငှာစွာ ကြိုဆိုလျက် ရှိပါကြောင်း။


